Tuesday, October 12, 2010



သတိမမေ့အောင်သာနေ
သိသရွေ့ မှောင်ရာမြေ
ထိတွေ့ နှောင်ဖြာဝေ
ရှောင်ခွာသွေ ကာယကံ . . . . . . .

ညီမျှခါခါ အမှားမနှော
ကြည်မြသာယာ အများသဘော
ပီယ၀ါစာ စကားပြော
တရားသော ၀စီကံ . . . . . . . .

သစ္စာမပြယ် အဲသည်ကြား
မေတ္တာနယ် အမြဲပွား
အနှစ်အကာရယ်ခွဲခြား
ကွဲပြားတဲ့ မနောကံ
လောကဓံနဲ့ ဘ၀လမ်း။

အပြုံးများစွာ အလှသစ်ဖွဲ့
ဘ၀အစစ်နဲ့ ကြည်နူးမစဲ
ရည်စူးဆဲ မနောမတည်ပြန်
အပြောဝစီကံ မာနထန်တော့
ကာယကံ မှောင်မိုက်လွန်
နှောင်ပိုက်ကွန် ရန်စွယ်ပင်
အန္တရာယ်မထင့် ၀င့်ကြွား
အကျင့်မှား စရိုက်ယွင်းပျက်
မိုက်တွင်းနက် အရှုံးများလျှံ
သုံးပါးကံ ဆိုးသွမ်းအားနဲ့
ညှိုးနွမ်းသွားတဲ့ နိဂုံးဘ၀တိုင်း
အတ္တ လောင်းကျွမ်း။

ပျဉ်းမနား-ရဲလှ

မှတ်ချက်။ ။ မိဂဒါဝုန် ရာပြည့်အောင် နှင့် ဂုဏပူဇာမဂ္ဂဇင်း မှ တင်ပြလိုက်ပါသည်။

0 comments:

Post a Comment