Tuesday, October 12, 2010



အမှောင်ကိုခွင်း၊ ရှင်နေမင်း၏
အလင်းကိုမှီ၊ အမြင်ကြည်၍
ဂွမ်းဆီထိမျှ၊ ၀မ်းသာစွ။

တောင်စွယ်ကွယ်တောက်၊ နေမင်းပျောက်လျှင်
ထွန်းတောက်စန္ဒာ၊ ၀င်းဝင်းဝါ၍
လွန်စွာအေးမြ၊ ၀မ်းသာစွ။

နေမင်းလည်းကွယ်၊ လလည်းကွယ်သော်
ငွေကြယ်တောက်ပ၊ လင်လက်ပြ၍
လွန်စွာအေးမြ၊ ၀မ်းသာစွာ။

ထိုနည်းတူစွာ၊ စောသတ္ထာသည်
သစ္စာဓမ္မ၊ လမ်းညွှန်ပြသည့်
မိဂဒါဝုန်၊ ဘေးမဲ့ဇုန်ဟု
လူ့ဘုံခန်းဝါ၊ ပြည်ဗာရာ၌
မြန်မာဘုန်းကြီး၊ ကျောင်းတော်တည်းဟု
ကမ္ပည်းစိုက်ကာ၊ နှစ်တစ်ရာပြည့်
ချီလာတက်လာ၊ မျိုးမြန်မာတို့
တည်ရာမစောင်း၊ ပခုံးပြောင်းလျက်
ကြက်ကောင်းကြိုးမကွာ၊ ထုံးနည်းနာနှင့်
ဝိုင်းကာစောင့်ရှောက်၊ လေးဆယ်မြောက်လည်း

ထွန်းတောက်သာသနာ၊ အလင်းဖြာသည်
ပမာနေလ မခြားလည်း။
ကဗျာရွှေကြာ၊ ဖူးပွင့်သည်
လင်းဖြာနေလ စွမ်းအားတည်။

မောင်ဉာဏ်လင်း (တောင်ကုတ်)

မှတ်ချက်။ ။ မိဂဒါဝုန် ရာပြည့်အောင် နှင့် ဂုဏပူဇာမဂ္ဂဇင်း မှ တင်ပြလိုက်ပါသည်။

0 comments:

Post a Comment