Tuesday, October 12, 2010



မြတ်ဘုရား၏
ဇာတိချုပ်ရာ၊ ကုသိနာရုံ
“စံရာ” ဒေသ၊ ဖူးရောက်ရခဲ့။
ရွှေရည်အတိ၏
ပျောင်းအိခွေလျ၊ ချုပ်ညရီမှောင်
သလွန်ညောင်စောင်း၊ ဗုဒ္ဓလျောင်းစက်
ငြိမ်သက်အေးချမ်။ မျက်နှာနွမ်းယော်
ရုပ်ပွားတော်၏၊ ခြေတော်အစုံ
ကြာငုံလက်ထိ၊ ဖူးသည့်ခိုက်မှာ - - - -။

သံဝေဂပွား
ခံစားရင်ထဲ၊ ကြေကွဲလှဘိ
ဗုဒ္ဓ၏“ခြေတော်”မှာ - - - - - - - -
အနာနစ်ခံခြင်း၊ စွန့်လွှတ်ခြင်းများ
အများကောင်းကျိုး၊ သယ်ရွက်ပိုးမှု
တန်ဖိုးအနန္တ၊ ဆိုဆုံးမမှု
လှမ်းကြွတိုင်းမှာ - - - - ။
ခြေတော်လှမ်းရာ၏
သာသနာအရှည်၊ တည်တံ့စေဟု
ဘာသာအမွေ၊ ခံထိုက်စေဟု
ဓမ္မက္ခန္ဓာ၊ ပြန့်ပွားရာဟု
မဟာကရုဏာရှင်၏ စေတနာ။

နွယ်(စစ်တွေ)

မှတ်ချက်။ မဇ္ဈိမအလင်းရောင်မဂ္ဂဇင်းမှ ဖေါ်ပြလိုက်ပါသည်။

0 comments:

Post a Comment